မြန်မာနိုင်ငံသုံး ရွှေချိန်တွယ်စနစ်ဖြစ်သည့် ကျပ်၊ ပဲ၊ ရွေး ဖြင့် ရွှေတန်ဖိုးကို တွက်ကြည့်ကြရအောင် . . .။
အဆင့်(၁)။ ။ ရွှေအလေးချိန် "ကျပ်၊ ပဲ၊ ရွေး" ကို "ကျပ်သား" သို့ ဖွဲ့ယူပါ။
အဆင့်(၂)။ ။ ရရှိသော "ကျပ်သား" ကို ရွှေတစ်ကျပ်သား ဈေးနှုန်းဖြင့် မြှောက်ပါက ရွှေအလေးချိန်အတွက် ကျသင့်တန်ဖိုးကို ရရှိပါမည်။
Formula:
ရွေး / 8 + ပဲ / 16 + ကျပ် * ရွှေ ၁ ကျပ်သား တန်ဖိုး=ရွှေအလေးချိန်၏ ကျသင့်ငွေပေါင်း
ဥပမာ:
ရွှေ ၁ ကျပ်သားလျှင် 650,000 ဈေးနှုန်းဖြင့် ရွှေချိန် ၁ ကျပ်သား၊ ၃ ပဲ၊ ၅ ရွေးအတွက် သင့်ငွေပေါင်းကို ရှာမယ်ဆိုရင်
5 / 8 + 3 / 16 + 1 * 650,000 = 797265.625
ဒါကြောင့် ၁ ကျပ်သား၊ ၃ ပဲ၊ ၅ ရွေး ကို 797000 ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။
*မှတ်ချက်-- အထက်ပါ တွက်ချက်မှုများကို ဖုန်း Calculator ဖြင့် ပြုလုပ်၍ မရပါ။ သာမာန် Calculator ဖြင့် တွက်ချက်မှသာ အဖြေမှန် ထွက်ပါမည်*
No comments:
Post a Comment