Pages

Friday, April 11, 2014

ရွှေတန်ဖိုး တွက်ချက်နည်း

မြန်မာနိုင်ငံသုံး ရွှေချိန်တွယ်စနစ်ဖြစ်သည့် ကျပ်၊ ပဲ၊ ရွေး ဖြင့် ရွှေတန်ဖိုးကို တွက်ကြည့်ကြရအောင် . . .။

အဆင့်(၁)။  ။ ရွှေအလေးချိန် "ကျပ်၊ ပဲ၊ ရွေး" ကို "ကျပ်သား" သို့ ဖွဲ့ယူပါ။
အဆင့်(၂)။  ။ ရရှိသော "ကျပ်သား" ကို ရွှေတစ်ကျပ်သား ဈေးနှုန်းဖြင့် မြှောက်ပါက ရွှေအလေးချိန်အတွက် ကျသင့်တန်ဖိုးကို ရရှိပါမည်။

Formula:
ရွေး / 8 + ပဲ / 16 + ကျပ် * ရွှေ ၁ ကျပ်သား တန်ဖိုး=ရွှေအလေးချိန်၏ ကျသင့်ငွေပေါင်း

ဥပမာ:
ရွှေ ၁ ကျပ်သားလျှင် 650,000 ဈေးနှုန်းဖြင့် ရွှေချိန် ၁ ကျပ်သား၊ ၃ ပဲ၊ ၅ ရွေးအတွက် သင့်ငွေပေါင်းကို ရှာမယ်ဆိုရင်
5 / 8 + 3 / 16 + 1 * 650,000 = 797265.625
ဒါကြောင့် ၁ ကျပ်သား၊ ၃ ပဲ၊ ၅ ရွေး ကို 797000 ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

*မှတ်ချက်-- အထက်ပါ တွက်ချက်မှုများကို ဖုန်း Calculator ဖြင့် ပြုလုပ်၍ မရပါ။ သာမာန် Calculator ဖြင့် တွက်ချက်မှသာ အဖြေမှန် ထွက်ပါမည်*

Monday, April 7, 2014

အခေါက်ရွှေလား ?





နာမည်ကြီး နိုင်ငံခြားတံဆိပ် အခေါက်ရွှေတုံးတောင်မှ ဒီလိုဂျင်းထည့်ထားရင်
 မြန်မာ့အခေါက်ရွှေတုံးတွေ စစ်/မစစ်ကိုရော ဘယ်လိုသိနိုင်မလဲနော်

Monday, March 17, 2014

ကမ္ဘာသုံး ရွှေအလေးချိန်

ကမ္ဘာ့တ၀ှမ်း ရွှေ ~ ငွေ ရောင်းဝယ်ဖောက်ကားမှုတွင် ရွှေကိုချိန်တွယ်ရာ၌ ထရိုင်[troy] ယူနစ်ကို အသုံးပြု ပါသည်။ ငွေကို ချိန်တွယ်ရာတွင်လည်း ထရိုင် [troy] ကိုပင် အသုံးပြုသည်။
×××××××××××××××××××××
♥24 grains (gn) = 1 penny weight (dwt)
♥20 dwt = 1 Troy Ounce (ozt) = 480 (gn)
♥12 ozt = 1 Troy Pound ( lbt ) = 480 gn
♥1 Carat (c/ct) = 3.168 gn =0.2052829 Gram (g)

မြန်မာ့ရွှေအလေးချိန် နှင့် ကမ္ဘာရွှေအချိန်အတွယ်တို့၏ ဆက်သွယ်ချက်များ- - -
×××××××××××××××××××××
♥1 Tical (ကျပ်သား) = 16.3293 gram= 0.524999 ozt
♥1 ozt = ၁ ကျပ် ၁၄ ပဲ ၃.၈ ရွေး
♥1 kilo = ၆၁ ကျပ် ၃ ပဲ ၆.၅ ရွေး
♥1 lbt = 3732.417216 grams
♥1 ရွေး = 0.1275726 gram

Wednesday, March 12, 2014

မြန်မာ့ရွှေ အလေးချိန်

"ရွှေ" ကိုချိန်တွယ်ရာတွင် "ကျပ်သား" ပေါ် မူတည်စံပြု၍ ချိန်တွယ်သောကြောင့် ရွှေအချိန်အတွယ်တွင် "ကျပ်သား" ၊ "ပဲသား" ၊ "ရွေးသား" ဟူ၍ အဆင့်ဆင့် ပါရှိသည်။

တစ်ကျပ်သား =  ၁၆ ပဲသား
တစ်ကျပ်သား =  ၁၂၈ ရွေးသား (ရန်ကုန်အချိန်)
တစ်ကျပ်သား =  ၁၂၀ ရွေးသား (မန္တလေးအချိန်)
၁-ပဲသား       =  ၈ ရွေးသား (ရန်ကုန်အချိန်)
၁-ပဲသား       = ၇.၅ ရွေးသား (မန္တလေးအချိန်)

ရွှေ နှင့် ကျန်းမာရေး


ရွှေကို ကျန်းမာရေးရှုထောင့်မှကြည့်လျှင် လူသားတို့၏ ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေသည်ဟု သုသေတန ပညာရှင်များက အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။

ရွှေဆွဲကြိုးကို လည်တိုင်တွင် ၀တ်ဆင်ထားပါက "နှလုံး၊ အဆုတ်" တို့၏ လုပ်ဆောင်မှုကို ပိုမိုသန်စွမ်းစေပြီး ၄င်းတို့နှင့်ပတ်သက်သည့်ရောဂါများ မဖြစ်အောင် ကာကွယ်ပေးသည့်အပြင် "လည်ပင်း ကျီးပေါင်းတက်ခြင်း" ကိုလည်း ကာကွယ်ပေးသည်။

ရွှေလက်ကောက်ကို လက်ဝဲလက်ကောက်ဝတ်တွင် ၀တ်ဆင်ပေးခြင်း၊ ရွှေလက်စွပ်ကို လက်ဝဲလက်သူကြွယ်တွင် ၀တ်ဆင်ပေးခြင်းဖြင့်လည်း "နှလုံးရောဂါ" ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သည်။

ရွှေနားကပ်ကို နားတွင်ဝတ်ဆင်ထားပါက စဉ်းစားတွေးခေါ်မှုများ၍ ခေါင်းမူးခြင်းကို ကာကွယ်ပေးနိုင်သလို "ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ ရောဂါများကိုလည်း ကာကွယ်ပေးပါသည်။

"ရွှေ" ကိုဝတ်ဆင်ရာတွင် "အသားအရေ ယားယံခြင်း၊ ရွှေအရောင် မှိန်သွားခြင်း၊ ကြာရှည်ဝတ်ဆင်ပါက ရွှေအလေးချိန် အနည်းငယ် လျော့သွားခြင်း" တို့သည် လူ၏ခန္ဓာကိုယ်ရှိ ရောဂါဝေဒနာတို့အတွက် "ရွှေ"က ကုသပေးခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေး ဖော်ရာတွင် "ရွှေ" ကို ထည့်သွင်းအသုံးပြုသလို အလှအပကို ပြင်ဆင်ရာများဖြစ်သော "မျက်နှာကို ရွှေသွင်းပေးခြင်း"၊ " ဆံပင်သန်ရန်အတွက် ရွှေသွင်းပေးခြင်း" တို့ကို တွေ့ရှိရခြင်း ဖြစ်သည်။